Skip to main content

Posts

Uniform speed(velocity) and Instantaneous speed(velocity)

 Uniform speed                         အရာဝတ္ထုတစ်ခုက လမ်းကြောင်းတစ်ခုပေါ်မှာ တစ်သတ်မှတ်အချိန်အတွင်းမှာ တူညီတဲ့ အကွာအဝေးကို ပုံမှန်နဲ့သွားနေတာကို uniform speed (velocity) လို့သတ်မှတ်ပါတယ်။ Direction တစ်ခုတည်းကိုပဲ မျဉ်းဖြောင့်ပုံလမ်းကြောင်းအတိုင်း အရာဝတ္ထုတစ်ခုဟာ uniform speed နဲ့ပဲသွားနေမယ်ဆိုရင် အဲ့ဒီအရာဝတ္တုရဲ့ average velocity က constant ဖြစ်ပါတယ်။ Instantaneous speed အချိန်လျှက်တစ်ပျက်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ speed  ကို instantaneous speed လို့သတ်မှတ်ပါတယ်။ Time interval က approach zero  သုညနားကို ကပ်နီးနီးဖြစ်တဲ့ အချိန်ကိုပြောတာပါ။
Recent posts

Acceleration

  Acceleration တကယ့်ပြင်ပ လက်တွေ့မှာဆိုရင် အရာဝတ္ထုတစ်ခုရဲ့ velocity က ကိန်းသေ(constant) မရှိနိုင်ပါဘူး။ အချိန်အလိုက်ပြောင်းလဲမှုရှိနေနိုင်ပါတယ်။ အရာဝတ္ထုတစ်ခုရဲ့ အမြန်နှုန်းက တစ်ခါတစ်လေ နှေးမယ် (သို့) မြန်မယ် ဆိုတာမျိုးတွေ ရှိနိုင်ပါတယ်။ အချိန်နဲ့လိုက်ပြီးပြောင်းလဲနေတဲ့ velocity နဲ့ နှုန်းကို acceleration လို့သတ်မှတ်ပါတယ်။ Acceleration is the time rate of change of velocity. Velocity  က vector quantity ဖြစ်တဲ့အတွက်ကြောင့် accelerationကလည်း vector quantity ပဲဖြစ်ပါတယ်။  Acceleration နဲ့ velocity က တိုက်ရိုက်အချိုးကျပါတယ်။ ဥပမာအနေနဲ့ ကားမောင်းနေတုန်းမှာ lever (or ) accelerator ကို နင်းလိုက်မယ်ဆိုရင် ကားက ပိုပြီး သွားတာမြန်လာတယ်။ (Velocity increase) ဖြစ်လာတယ်။   နင်းတာလျော့လိုက်ရင် ကားကနှေးသွားမယ်။ (Velocity decrease)  အဲ့ဒီလိုအခြေအနေမှာ ရှိတဲ့ acceleration ကို deceleration or deceleration  လို့ယူဆပါတယ်။  Acceleration က velocity နဲ့ directionတူနိုင်လား???? Deceleration မှာဆိုရင်ရော???? Why?

Free Fall

 Free Fall                လွတ်လပ်စွာ ကျဆင်းနေတဲ့ ဝတ္ထုတစ်ခု                ကမ္ဘာ့ဆွဲအားအောက်မှာ လေထုဖိအားကို လျစ်လျူရှုပြီး ကျဆင်းနေတဲ့ အရာတစ်ခု                     ကမ္ဘာ့ဆွဲအား ( the acceleration due to gravity) ကမ္ဘာ့မျက်နှာပြင် အနီးဆုံးပေါ်မှာ ကိန်းသေတန်ဖိုးတစ်ခုအနေနဲ့ တည်ရှိနေပါတယ်။               ရှေ့မှာ သုံးခဲ့တဲ့ equation  တွေကိုပဲ ပုံစံတစ်မျိုးပြောင်းပြီး ပုစ္ဆာတွက်ရမယ့်အပိုင်းဖြစ်ပါတယ်။               x နေရာမှာ vertical dimension အနေနဲ့ y ကို အသုံးပြုသွားမှာ ဖြစ်ပါတယ်။ upward direction မှာ y  ကို positive အနေနဲ့ ယူပါတယ်။ downward direction မှာ  y ကို negative direction   အနေနဲ့ယူပါတယ်။

Projectile motion , Time of flight and Maximum Range

  Projectile  Projectile ဆိုတာ ပြင်ပအားတစ်ခု (external applied force) သက်ရောက်လိုက်တဲ့ အတွက်ကြောင့် ကမ္ဘာ့ဆွဲအား (gravity) နဲ့ လေထုခုခံမှု  (air resistance) တွေရဲ့ လွှမ်းမိုးမှုအောက်မှာ လွတ်လပ်စွာ ရွေ့လျားနေတဲ့ အရာဝတ္ထုတစ်ခုဖြစ်ပါတယ်။  များသောအားဖြင့် စစ်ပွဲတွေနဲ့ အားကစား တွေပါ တွေ့ရှိရတတ်ပါတယ်။ (ဥပမာ - ကန်ခံလိုက်ရတဲ့ ဘောလုံးတစ်လုံး၊ ပစ်လိုက်တဲ့ မြားတစ်စင်း ) Projectile motion Projectile motion ဆိုတာ အရွေ့ပုံစံတစ်မျိုးပဲဖြစ်ပါတယ်။ အရာဝတ္ထုတစ်ခုဟာ ကမ္ဘာ့မြေပြင်အနီးမှာ အထူးသဖြင့် မျဉ်းကွေးပုံစံနဲ့ ရွေ့နေတဲ့ အရွေ့တစ်မျိုး ဖြစ်ပါတယ်။ (လေထုခုခံမှုကို လျစ်လျူရှုပြီး ကမ္ဘာ့ဆွဲအားတစ်ခုကိုပဲ စဉ်းစားကြည့်ရအောင်) Time to reach maximum height(t) Time of Flight (T) အရာဝတ္ထုရွေ့သွားတဲ့ အစအဆုံး ကြာချိန်ကို ယူဆတာဖြစ်ပါတယ်။ (the time from when the object is projected to the time it reaches the surface.) Maximum range for projectile motion    

Centripetal Acceleration

  Centripetal Acceleration ကားတစ်စီးဟာ စက်ဝိုင်းပုံ လမ်းကြောင်းတစ်ခုကို ကိန်းသေ အလျင်နဲ့ constant velocity နဲ့ သွားနေတယ်လို့ စဉ်းစားကြည့်ရအောင်။  အဲ့ဒီကားမှာ acceleration ရှိနိုင်လား။????? ကျွန်တော်တို့ ပထမဦးဆုံး စဉ်းစားမိမှာကတော့ no ဆိုတာပဲဖြစ်ပါလိမ့်မယ်။ Velocity က constant ဖြစ်နေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။  Acceleration is the time rate of change of velocity. စက်ဝိုင်းပုံ ပတ်လမ်းမှာ velocity က direction ပေါ်မူတည်ပြီး ပြောင်းလဲနေပြီဆိုရင် acceleration  ရှိနေပါပြီ။ Uniform circular motion မှာ လိုအပ်တဲ့ acceleration ကို centripetal ("center-seeking") acceleration လို့ ခေါ်ပါတယ်။ Acceleration က စက်ဝိုင်းရဲ့ ဗဟို ကို တည့်တည့် ဦးတည်နေပါတယ်။  Velocity ရဲ့ directionကတော့ စက်ဝိုင်းကို ဝန်းထိမျဉ်းတစ်ခုအနေနဲ့ တည်ရှိနေပါတယ်။ စက်ဝိုင်းပုံ လမ်းကြောင်းပေါ်က ဘယ်အမှတ်နဲ့ မဆို စက်ဝိုင်းရဲ့ အချင်းဝက်နဲ့ ထောင့်မှန်ကျနေပါတယ်။ Formula Derivation of Centripetal Acceleration Centripetal acceleration သာ မရှိဘူးဆိုရင် အရာဝတ္ထုကို စက်ဝိုင်းပုံ လမ်းကြောင်းတစ်ခုလို့ ဖော်ပြလို့မရပါဘူး။ Centripetal accel

Newton's First Law of Motion

 The Law of Inertia An object remains at rest or in motion with a constant velocity unless acted upone by an unbalanced force.     Newton's first law (Physicsclassroom.com)

Newton's Second Law of Motion

 Cause and Effect Newton's first law မှာ အရာဝတ္ထုတစ်ခု အပေါ်ကို သက်ရောက်လိုက်တဲ့ အားမရှိမချင်း အရာဝတ္ထုက ရပ်နေမယ် ဒါမှမဟုတ် constant velocity နဲ့ ရွေ့နေမယ်။ Acceleration is zero.   Acceleration ကလည်းရှိမှာ မဟုတ်ဘူး။ ဒါပေမယ့် အားတစ်ခု သက်ရောက်လိုက်တဲ့ အချိန် အရာဝတ္ထုမှာ acceleration ရှိနေပါပြီ။  Newton က အရာဝတ္ထုရဲ့ mass ကလည်း အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေမယ် လို့ ယူဆခဲ့တယ်။ The greater the mass of an object the less its acceleration or change in motion. Newton's second law မှာ applied force  က acceleration  နဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။ Acceleration  ရဲ့ direction က applied force ရဲ့ direction နဲ့ အတူတူပါပဲ။ အရာဝတ္ထု ရွေ့နေတဲ့ direction အတိုင်းပဲ အားကို ပေးလိုက်မယ်ဆိုရင် အရာဝတ္ထုရဲ့ velocity က ပိုတိုးလာပါမယ်။ ဒါမှမဟုတ် opposite direction ဆန့်ကျင်ဘက်ကို အားပေးလိုက်မယ်ဆိုရင် velocity နည်းသွားပါလိမ့်မယ်။ Negative acceleration ကို ဖြစ်ပေါ်စေပါတယ်။  Liquid mass တွေမှာ ဘယ်လိုဖြစ်မလဲ စဉ်းစားကြည့်ရအောင် ????? (eg. An accelerometer) Accelerometer ကို English လို မသိရင်အောင်ပုံမြင်ရုံနဲ