Skip to main content

Practical Videos

Comments

Popular posts from this blog

Uniform speed(velocity) and Instantaneous speed(velocity)

 Uniform speed                         အရာဝတ္ထုတစ်ခုက လမ်းကြောင်းတစ်ခုပေါ်မှာ တစ်သတ်မှတ်အချိန်အတွင်းမှာ တူညီတဲ့ အကွာအဝေးကို ပုံမှန်နဲ့သွားနေတာကို uniform speed (velocity) လို့သတ်မှတ်ပါတယ်။ Direction တစ်ခုတည်းကိုပဲ မျဉ်းဖြောင့်ပုံလမ်းကြောင်းအတိုင်း အရာဝတ္ထုတစ်ခုဟာ uniform speed နဲ့ပဲသွားနေမယ်ဆိုရင် အဲ့ဒီအရာဝတ္တုရဲ့ average velocity က constant ဖြစ်ပါတယ်။ Instantaneous speed အချိန်လျှက်တစ်ပျက်အတွင်းမှာ ဖြစ်ပေါ်လာတဲ့ speed  ကို instantaneous speed လို့သတ်မှတ်ပါတယ်။ Time interval က approach zero  သုညနားကို ကပ်နီးနီးဖြစ်တဲ့ အချိန်ကိုပြောတာပါ။

The Doppler Effect

  The Doppler Effect Chapter (14) sound အခန်းမှာ နောက်ထပ် လေ့လာရမယ့် စိတ်ဝင်စား စရာ အကြောင်းတစ်ခုကတော့ Doppler Effect ဖြစ်ပါတယ်။ Doppler Effect ကို ရွေ့နေသော အရာဝတ္တုတစ်ခုရဲ့  အလျင်( speed/ velocity) ကို Radar နဲ့ တိုင်းတာနဲ့ နေရာမှာအသုံးအများဆုံး အဖြစ်တွေ့ရပါတယ်။ What is Doppler Effect?                The apparent change in frequency of a sound source due to relative motion between the source and the observer is called Doppler Effect (or doppler shift).           Doppler Effect  ကို အဝေးပြေးလမ်းမ တွေမှာ radar သုံးပြီး သတ်မှတ် အရှိန်ထက်  ပိုမောင်းတဲ့ ကားတွေကို စောင့်ကြည့်တဲ့ နေရာမှာလည်း အသုံးချနေပါတယ်။          Effect ရဲ့ ပမာဏ ဟာ ကားရဲ့ speed ပေါ်ကို မူတည်ပါတယ်။ Computer က တွက်ချက်ပြီးတော့ တစ်ဖက်စောင့်ကြည့်တဲ့ လူဆီမှာ ပြသပေးပါတယ်။ အကယ်၍ သတ်မှတ် အမြန်နှုန်းထက် ကျော်နေပြီဆိုရင် ကားမောင်းတဲ့ သူက သတိပေးချက် အသံကို ကြားရမှာပါ။

Differences between Mass and Weight

Mass နဲ့ Weight က တူသယောင်ယောင် ရှိပါတယ်။  Mass ဆိုတာ အရာဝတ္ထုတစ်ခုထဲမှာ ပါဝင်နေတဲ့ ဒြပ်ထု ပမာဏ ကိုပြောတာပါ။ Weight ဆိုတာကတော့ အဲ့ဒီ အရာဝတ္ထုအပေါ် သက်ရောက်နေတဲ့ ကမ္ဘာ့ ဆွဲအားကို ပြောတာပါ။ Mass က scalar quantity ဖြစ်ပြီးတော့ weight က vector quantity  ဖြစ်ပါတယ်။ အရာဝတ္ထု တစ်ခုရဲ့  Mass ဟာ စကြာဝဠာထဲက ဘယ်နေရာမှာမဆို တန်ဖိုး တစ်မျိုးထဲဖြစ်ပါတယ်။ အရာဝတ္ထု တစ်ခုရဲ့   Weight ကျတော့ နေရာပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။