Skip to main content

Conservation of Angular Momentum

Conservation of angular momentum is a physical property of a spinning system such that its spin remains constant unless it is acted upon by an external torque.

(ပြင်ပအားတစ်ခု သက်ရောက်မှု မရှိမခြင်း လည်နေတဲ့ ဝတ္ထုတစ်ခုဟာ ဆက်လက်လည်ပတ်နေအုန်းမှာပဲ)

(The speed of rotation is constant as long as net torque is zero.) 

 


 ရေကူး diving ပစ်တဲ့ အားကစားသမားတွေ ဟာ conservation of angular momentum ကို လက်တွေ့ သိနိုင် မြင်သာတဲ့ ဉပမာ တစ်ခုဖြစ်ပါတယ်။ Ice skater လို့ခေါ်တဲ့ ရေခဲပြင် ဘဲလေး အက ကတဲ့ လူတွေကလည်း ဥပမာ တစ်ခုဖြစ်ပါတယ်။ ခန္ဓာ ကိုယ်ကျုံ့ လိုက်တဲ့အချိန်မှာ radius နည်းသွားတယ်။ Rotational Inertia လည်းနည်းသွားတယ်။ Rotational inertia နဲ့ angular velocity ပြောင်းပြန်အချိုးကျတဲ့ အတွက်ကြောင့် ခုန်ချတဲ့ ရေကူးသမား ဟာ ပိုပြီးမြန်လာတယ်။ ပိုလှလာတယ်။ မြင်သာမှု အရှိဆုံး ဥပမာ တစ်ခု ဖြစ်ပါတယ်။



Comments

Popular posts from this blog

The Doppler Effect

  The Doppler Effect Chapter (14) sound အခန်းမှာ နောက်ထပ် လေ့လာရမယ့် စိတ်ဝင်စား စရာ အကြောင်းတစ်ခုကတော့ Doppler Effect ဖြစ်ပါတယ်။ Doppler Effect ကို ရွေ့နေသော အရာဝတ္တုတစ်ခုရဲ့  အလျင်( speed/ velocity) ကို Radar နဲ့ တိုင်းတာနဲ့ နေရာမှာအသုံးအများဆုံး အဖြစ်တွေ့ရပါတယ်။ What is Doppler Effect?                The apparent change in frequency of a sound source due to relative motion between the source and the observer is called Doppler Effect (or doppler shift).           Doppler Effect  ကို အဝေးပြေးလမ်းမ တွေမှာ radar သုံးပြီး သတ်မှတ် အရှိန်ထက်  ပိုမောင်းတဲ့ ကားတွေကို စောင့်ကြည့်တဲ့ နေရာမှာလည်း အသုံးချနေပါတယ်။          Effect ရဲ့ ပမာဏ ဟာ ကားရဲ့ speed ပေါ်ကို မူတည်ပါတယ်။ Computer က တွက်ချက်ပြီးတော့ တစ်ဖက်စောင့်ကြည့်တဲ့ လူဆီမှာ ပြသပေးပါတယ်။ အကယ်၍ သတ်မှတ် အမြန်နှုန်းထက် ကျော်နေပြီဆိုရင် ကားမောင်းတဲ့ သူက သတိပေးချက် အသံကို ကြားရမှာပါ။

Coefficient of friction

  Coefficient of friction The dimensionless quantity that relates the frictional force ( f ) to the load or normal force (N). Coefficient of Static friction                                    ရပ်နေတဲ့ အရာဝတ္ထု တစ်ခုကို အားတစ်ခု ပေးလိုက်တဲ့ အချိန်မှာ အရာဝတ္ထု က မရွေ့ခဲ့ဘူး။ Newton's law အရ အရာဝတ္ထုကို မ​ရွေ့ အောင်လုပ်ထားတဲ့ ဆန့်ကျင်ဘက် အားတစ်ခု ရှိနေပါတယ်။ အဲ့ဒီအားကို static friction ပွတ်မှုအားလို့ ခေါ်ပါတယ်။ Static friction force က applied force စိုက်ထုတ်လိုက်တဲ့ အားထက် များနေမယ်ဆိုရင် အရာဝတ္ထုက applied force ရဲ့  opposite direction(ဆန့်ကျင့်ဘက်) ကိုရွေ့ သွားမှာပါ။                                   Applied force ကို ထက်တိုးလိုက်မယ်ဆိုရင်လည်း ဝတ္ထုက မရွေ့နိုင်သေးပါဘူး။ Applied force က force of static friction ထက် သိသိသာသာ မများသ၍ ရွေ့မှာ မဟုတ်ပါဘူး။  Coefficient of Kineti...

Acceleration

  Acceleration တကယ့်ပြင်ပ လက်တွေ့မှာဆိုရင် အရာဝတ္ထုတစ်ခုရဲ့ velocity က ကိန်းသေ(constant) မရှိနိုင်ပါဘူး။ အချိန်အလိုက်ပြောင်းလဲမှုရှိနေနိုင်ပါတယ်။ အရာဝတ္ထုတစ်ခုရဲ့ အမြန်နှုန်းက တစ်ခါတစ်လေ နှေးမယ် (သို့) မြန်မယ် ဆိုတာမျိုးတွေ ရှိနိုင်ပါတယ်။ အချိန်နဲ့လိုက်ပြီးပြောင်းလဲနေတဲ့ velocity နဲ့ နှုန်းကို acceleration လို့သတ်မှတ်ပါတယ်။ Acceleration is the time rate of change of velocity. Velocity  က vector quantity ဖြစ်တဲ့အတွက်ကြောင့် accelerationကလည်း vector quantity ပဲဖြစ်ပါတယ်။  Acceleration နဲ့ velocity က တိုက်ရိုက်အချိုးကျပါတယ်။ ဥပမာအနေနဲ့ ကားမောင်းနေတုန်းမှာ lever (or ) accelerator ကို နင်းလိုက်မယ်ဆိုရင် ကားက ပိုပြီး သွားတာမြန်လာတယ်။ (Velocity increase) ဖြစ်လာတယ်။   နင်းတာလျော့လိုက်ရင် ကားကနှေးသွားမယ်။ (Velocity decrease)  အဲ့ဒီလိုအခြေအနေမှာ ရှိတဲ့ acceleration ကို deceleration or deceleration  လို့ယူဆပါတယ်။  Acceleration က velocity နဲ့ directionတူနိုင်လား???? Deceleration မှာဆိုရင်ရော???? Why?