Action and Reaction များသောအားဖြင့် ကျွန်တော်တို့တွေဟာ force ကို တစ်မျိုးတည်း single force အနေနဲ့ ပဲ အပြောများကြတယ်။Newton ကတော့ individual force သီးခြား အား တစ်ခု ပဲ ရှိတယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ ဉပမာ တစ်ခုအနေနဲ့ ကျောက်တုံး တစ်တုံးကို လက်ညိုးနဲ့ ဖိလိုက်မယ် ဆိုရင် လက်ညိုးကကျောက်တုံးကို ဖိထားသလို၊ တစ်ဖက်က ကျောက်တုံးကလည်း လက်ညိုးကို ပြန်ပြီးတော့ဖိထားတာ ကို တွေ့ ရတယ်။ ပထမ အရာဝတ္ထုက ဒုတိယ အရာဝတ္ထု အပေါ်ကို အားတစ်ခု သက်ရောက်ရင် ဒုတိယ အရာဝတ္ထုကလည်း ပထမ အရာ ဝတ္ထု အပေါ် ပြန်ပြီး အားတစ်ခု သက်ရောက်နေပါတယ်။ Newton က အဲ့ဒီ force တွေကို action and reaction ဆိုပြီး သတ်မှတ်ခဲ့တယ်။ Newton's Third Law For every force, there is an equal and opposite reaction.
Study smarter not Harder